နတ်မောက် သြဂုတ် ၂၅
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌၂၀၁၉-၂၀၂၀ တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/သူများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ နံနက်၈နာရီကအဆိုပါကျောင်းတွင်ကျင်းပပြုလုပ်ခဲ့သည်။
နတ်မောက်မြို့အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၁၉-၂၀၂၀ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးရ ကျောင်းသား/သူများဖြစ်သည့် (၄)ဘာသာဂုဏ်ထူးရှင် (၂)ဦး၊ (၃)ဘာသာ ဂုဏ်ထူးရှင် (၁)ဦး၊ (၂) ဘာသာ ဂုဏ်ထူရှင် (၄)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၄)ဦးစုစုပေါင်း (၁၁)ဦးနှင့် ဘောဂဗေဒဘာသာတွဲတွင် မကွေးတိုင်းအဆင့် နံပါတ် (၅) ရရှိသူ(၁)ဦးတို့အား ကျောင်းရှိ ဆရာ၊ဆရာမများနှင့် ကျောင်းအကျိုးတော်ဆောင် ဦးဉာဏ်ရှိန် တို့က ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေး အပ်ခဲ့ ကြောင်းသိရသည်။
သင်းသင်းမြတ်(နတ်မောက်)