ရေကြည်မြို့နယ်၌ ကလေးငယ်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုဆောင်ရွက်

ရေကြည်   ဩဂုတ်  ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ ကလေးငယ်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှု ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ဇော်အောင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ထိုက်တင်ထွေး က မိခင်နို့ စနစ်တကျ တိုက်ကျွေးခြင်းအကြောင်း၊ ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင် အာဟာရကျွေးပုံ ကျွေးနည်းအကြောင်း၊ အာဟာရအုပ်စု()အုပ်စု မျှမျှတတ ချက်ပြုတ်စားသုံးသင့်ပုံ အကြောင်းကို အသိပညာပေး ဟောပြော ဆွေးနွေးခဲ့သည်။

အဆိုပါ အာဟာရရက်သတ္တပတ် လှုပ်ရှားမှုသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ အဖွဲ့ဝင်များ၊ NGO အဖွဲ့များ၊ ကျန်းမာရေး ဝန်ထမ်းများက ဦးဆောင်ကာ အသက်ခြောက်လမှ ငါးနှစ်ထိကလေးများကို Vitamin A တိုက်ကျွေးခြင်း ကိုယ်ဝန်ဆောင်မိခင်များအတွက် ငှက်ပျောသီး၊ ကြက်ဥ၊ အိုင်အိုဒင်းဆားများကိုလည်း ထောက်ပံ့ခဲ့ကြောင်း သိရသည်။

အောင်သူဟန် (ပြန်/ဆက်)