ပခုက္ကူ ဩဂုတ် ၂၅
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး လူမှုဖူလုံရေးအဖွဲ့ တာဝန်ခံအရာရှိ ဒေါ်အိအိသွယ်နှင့်အဖွဲ့သည် ပခုက္ကူမြို့ရှိ အမှတ်(၅)အထည်ချုပ်စက်ရုံ၊ ဌာနကြီးဆေးခန်းနှင့် ကျွန်းချောင်းလုပ်သားဆေးရုံ တို့ကို ယမန်နေ့ နေ့လယ်ပိုင်းက ကွင်းဆင်းစစ်ဆေးကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာသို့ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်း ဒေသကြီး လူမှုဖူလုံရေးအဖွဲ့တာဝန်ခံအရာရှိ ဒေါ်အိအိသွယ်နှင့်အတူ ပခုက္ကူမြို့နယ်လူမှုဖူလုံရေးအဖွဲ့ တာဝန်ခံ ဆရာဝန်ဒေါက်တာ သူရကိုကို၊ မြို့နယ်လူမှုဖူလုံရေးအဖွဲ့ရုံးခွဲ တာဝန်ခံ ဒေါ်ယဉ်ယဉ်ထွေး နှင့် ဝန်ထမ်းများ လိုက်ပါကြပြီး အမှတ်(၅)အထည်ချုပ်စက် ရုံ၊ ဌာနကြီးဆေးခန်း နှင့်ကျွန်းချောင်းလုပ်သား ဆေးရုံများတွင် ဝင်ရောက်လုပ်ကိုင်ကြသည့် အာမခံအလုပ်သမားများ၏ ပြင်ပမှ စိုက်ထုတ်ဝယ်ယူသုံးစွဲ ရသော ဆေးဖိုး ကုန်ကျစရိတ်များ မြန်ဆန်စွာ ရရှိမှု ရှိ/မရှိ၊ ဆေးကုသမှုလုပ်ငန်းစဉ်များတွင် ထိရောက် ကောင်းမွန်စွာ ဆောင်ရွက် ပေးနိုင်မှု ရှိ/မရှိတို့ကို လိုက်လံစစ်ဆေးပြီး လိုအပ်သည်များ ညှိနိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး တာဝန်ခံအရာရှိ ဒေါ်အိအိသွယ်သည် ပခုက္ကူမြို့၊ စက်ရုံ၊ဆေးရုံများရှိ တာဝန်ရှိသူ များ၊အာမခံအလုပ်သမားများနှင့်တွေ့ဆုံပြီး လူမှုဖူလုံရေးအဖွဲ့မှ ကိုဗစ်-၁၉ကာလအတွင်း ဆောင်ရွက် ပေးခဲ့သည့် ဖြေလျှော့မှု လုပ်ငန်းစဉ်များ၊ Digital Playment System ဖြင့် အကျိုးခံစားခွင့်ငွေများ ထုတ်ပေးနိုင်ရန် စီစဉ်ထားရှိမှု၊ လူမှုဖူလုံရေး အကျိုး ခံစားခွင့်နှင့်စပ်လျဉ်း၍ သိသင့် သိထိုက်သည့်အချက်များ၊ ပြင်ပမှ ဝယ်ယူသုံးစွဲရသော ဆေးဖိုးကုန်ကျစရိတ်ပြန်လည် လျှောက် ထားခြင်းနှင့်ပတ်သက်သည့် ညွှန်ကြားချက် (၁/၂၀၁၈) တို့ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသူများမှ လူမှုဖူလုံရေးဆိုင်ရာ သိရှိလိုသည်များကို အသီးသီးမေးမြန်ကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြသည်။
ပခုက္ကူမြို့နယ်တွင် လူမှုဖူလုံရေးအကျိုးခံစားခွင့် လျှောက်ထားသည့် အာမခံအလုပ်သမား (၈၀၀၀)ကျော်ရှိပြီး မြို့နယ် လူမှုဖူလုံရေးဆေးခန်းဦ ဌာနကြီးဆေးခန်းနှစ်ခုတို့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရ သည်။
ဆလိုင်းကိုကီး(NRDC)