ပန်းတောင်း ဩဂုတ် ၂၅
စီးပွားရေးနှင့်ကူသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပန်းတောင်းမြို့နယ် စာသုံးသူရေးရာ ဦးစီး ဌာနမှ မြို့နယ်အတွင်း Mask များကို စျေးနှုန်းမြှင့်တင်ရောင်းချခြင်း မပြုလုပ်ရန် ယမန်နေ့ နံနက်ပိုင်းက ပန်းတောင်း မြို့မစျေးရှိ စျေးဆိုင်များအား လိုက်လံစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ စစ်ဆေးရေးမှူး ဒေါ်သန်းသန်းအေးနှင့် မိတ်ဖက် ဌာနများ ဖြစ်သည့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်း၍ ပန်းတောင်း မြို့နယ်အတွင်းရှိ စျေးဆိုင်များတွင် Mask များအား စျေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန် စိစစ်ဆောင်ရွက် ခဲ့ပြီး ထုတ်လုပ်ဖြန့်ချိရောင်းချလျက်ရှိသော ကုန်စည်များအနက် သောက်ရေသန့်၊ အချိုရည်၊ ယိုမျိုးစုံတို့အား စားသုံးသူ ပြည်သူများ အဆင်ပြေနိုင်စေရေးအတွက် စစ်ဆေး ဆောင်ရွက်ခဲ့ပြီး မြန်မာဘာသာဖြင့် ဖော်ပြရာမှာ စားသုံးသူရေးရာဌာနမှ ထုတ်ပြန်ထားသော အချက် (၇)ချက်ကို စနစ်တကျလိုက်နာပေးစေကြောင်းအသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရသည်။
သင်းသင်းအေး(ပြန်/ဆက်)