သဲကုန်း ဩဂုတ် ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ တွင် ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲ အချိန်က ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်းအား ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ ပြုလုပ်သည်။
အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းက အမှာစကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဝင်းက "ယခုအခါ ကိုဗစ်-၁၉ ရောဂါပိုးဟာ စစ်တွေမှစပြီး ပြည်တွင်းကူးစက်မှုအခြေအနေများ ဖြစ်ပေါ် လျက်ရှိနေ ကြောင်း၊ သဲကုန်းမြို့နယ်အတွင်း ရောဂါပိုးကူးစက်မှု မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ကာကွယ်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက် ကြရန် လိုအပ်ကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ညွှန်ကြားချက်များ အား တိကျစွာ လိုက်နာ ဆောင်ရွက် ကြရန်လိုအပ်ကြောင်း၊ ရခိုင်ပြည်နယ်မှ သဲကုန်းမြို့နယ်သို့ ပြန်လာသောသူများအား Quarantine ထားရန် လိုအပ် ကြောင်း၊ ရခိုင်ကားများဝင်ရောက်နေသော စားသောက်ဆိုင်များအား အထူးကြပ်မတ် စစ်ဆေးဆောင်ရွက်ရန်လိုအပ်ကြောင်း" စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်ပြီး သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝေဖြိုးကျော်က ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက် သည့် ညွှန်ကြားချက်များအား ဖတ်ပြခဲ့ပြီး ဘလိုအပ်သည်များကို ချပြဆွေးနွေးခဲ့သည်။ ထို့နောက် သက်ဆိုင်ရာ ဌာန ဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ Quarantine Centre များတွင် တာဝန်ထမ်းဆောင်နေသော စေတနာ့ဝန်ထမ်းများမှ တွေ့ကြုံ နေရသည့် အခက်အခဲများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား ဆွေးနွေးခဲ့ရာ တာဝန်ရှိသူများမှ ပြန်လည် ဆွေးနွေး ဖြေကြားခဲ့ကြောင်း သိရှိရသည်။
နိုင်လင်း(ပြန်/ဆက်)