လပွတ္တာမြို့နယ်တွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ အစည်းအဝေးပွဲကျင်းပ

လပွတ္တာ  သြဂုတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ အစည်းအဝေးကို လပွတ္တာမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီ အချိန်က ကျင်းပသည်။

အဆိုပါ အစည်းအဝေးပွဲတွင် လပွတ္တာမြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ  ဦးမင်းဦးက အစည်းအဝေး ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ကလေးသူငယ်ဆိုင်ရာ ကော်မတီ၏ အခန်းကဏ္ဍ များအား ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ ကော်မတီဝင်နှင့် ဌာနဆိုင်ရာများမှ မြို့နယ်အတွင်း ကလေးသူငယ်များ၏ အကျိုးစီးပွား အကောင်းဆုံး ဖြစ်ထွန်းစေရန် ဆောင်ရွက်မှုများနှင့် ထောက်ပံ့မှုများအား ဌာနအလိုက် တင်ပြကြသည်။ထို့နောက် ရှေ့ဆက်ရမည့် လုပ်ငန်းစဉ်များအား ဆွေးနွေးကြသည်။

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးသို့ ကော်မတီအဖွဲ့ဝင်များ သက်ဆိုင်ရာဌာန အသီးသီးမှ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့၊  မြို့နယ် ရင်ခွင်မဲ့ကလေးများ လျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့၊ မြင့်မြတ်လူမှုရေး အသင်းဖွဲ့နှင့် စေတနာ့ ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝင်းကျော်မြင့်(လပွတ္တာခရိုင် ပြန်/ဆက်)