ဒိုက်ဦးမြို့ စောင့်ကြည့်ရေးစခန်းများအား အာဟာရ ပစ္စည်းများပေးအပ်လှူဒါန်း

ဒိုက်ဦး ဩဂုတ် ၂၅

ပဲခူးတိုင်းဒေသကြီး၊    ဒိုက်ဦးမြို့တွင်   နေရပ်ပြန်များအတွက်   ဖွင့်လှစ်ထားရှိသော စောင့်ကြည့်ရေး စခန်းများသို့ မြို့နယ် အမျိုးသမီး ရေးရာအဖွဲ့က အဟာရ ပစ္စည်းများကို      ယနေ့ နံနက်ပိုင်းက လာရောက်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့လှူဒါန်းရာတွင် ဒိုက်ဦးမြို့တွင် ဖွင့်လှစ်ထားရှိသော ရတနာသိင်္ဂီ ဘုန်းတော်ကြီးကျောင်း ကန်ဦး ဘုန်းတော်ကြီး ကျောင်း   မြို့နယ် အား/ကာအားကစားရုံနှင့် ကောလိယ ခန်းမရှိ  စောင့်ကြည့်ပြည်သူ ကိုယ်ဝန်ဆောင်(၉)ဦးအတွက် ကြက်ဥ၊ ကွေကာအုပ်နှင့် အိုင်အိုဒင်းဆားများကို စောင့်ကြည့်ပြည်သူ ၁၅၄ဦး အတွက် ကွေကာအုပ်များကို  မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့မှ လာရောက်လှူဒါန်း သွားကြောင်း သတင်းရရှိသည်။

ကျော်ကျော် (IPRD)