ကျောက်ကြီးမြို့နယ်တွင် ကမ်းပါးပြိုကျ၍ပြောင်းရွှေ့ခဲ့ရသည့် အိမ်ထောင်စုအား မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ထောက်ပံ့ပစ္စည်းပေးအပ်

 ကျောက်ကြီး သြဂုတ် ၂၅

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ၏ပံ့ပိုးမှုဖြင့် ကျောက်ကြီးမြို့နယ် တုံးကြီးကျေးရွာ အုပ်စု ရှမ်းကျောင်းကျေးရွာတွင် သံဘို ချောင်းရေ မြင့်တက်မှုကြောင့် ရေတိုက်စားကာ ကမ်းပါးပြိုကျသည့် နေအိမ်တစ်လုံးအား မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ထောက်ပံ့ ပစ္စည်း များ ပေးအပ်ခဲ့သည်။

ကမ်းပါးပြိုကျမှုကြောင့်ပြောင်းရွှေ့ခဲ့ရသည့် နေအိမ်အား မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ  Family Kit 1 Shelter  ၊  Toolkit Jerry Can  (၂)ဘူး၊ ပစ္စည်း(၁၉)မျိုးပါ  Hygiene Kit ပုံး (ကာလတန်ဖိုး(၂)သိန်း)ခန့် ပစ္စည်း များ၊ ရေသန့်ဗူးများ၊ တစ်ကိုယ်ရေ ကျန်းမာရေးသုံးပစ္စည်းများ၊ အမျိုးသမီးသုံးပစ္စည်းများ၊ တာပေါ်လင်၊ ပေါက်တူး၊ လွှ၊ ဂေါ်ပြား၊ တူ၊ ပေါက်စိန်၊ တူရွင်း စသည့်ပစ္စည်းများကို အိမ်ထောင်စု၀င်များ လက်၀ယ်အရောက် ထောက်ပံ့ ပေးအပ် ခဲ့ကြောင်းသိရှိရသည်။

K ခိုင် ပြန်/ဆက်