အင်္ဂပူမြို့နယ်တွင်အရန်မီးသတ်တပ်ဖွဲ့များသို့ အပေါ့စားရေစုပ်နှင့် မီးသတ်ဝတ်စုံများပေးအပ်ပွဲပြုလုပ်

အင်္ဂပူ  ဩဂုတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ စီစဉ်မှုဖြင့် တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ အင်္ဂပူမြို့နယ် အတွင်းရှိ‌ ဒေသခံအရန်မီးသတ် တပ်ဖွဲ့များသို့ အပေါ့စားရေစုပ်စက်၁လုံးနှင့် ‌မီးသတ်ဝတ်စုံများ ပေးအပ်ပွဲကို ယနေ့‌ နေ့လယ် ပိုင်းက အင်္ဂပူမြို့နယ် မီးသတ်ဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။

ပေးအပ်ပွဲတွင် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က အမှာစကား ပြောကြားခဲ့ပြီး အပေါ့စား ရေစုပ်စက်၁လုံးနှင့် မီးသတ်ဝတ်စုံများကို တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက ပေးအပ်ရာ မဲဇလီကုန်း‌ မြို့အရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများမှ လည်ကောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးတို့မှ ငှက်ပျောတောကျေးရွာနှင့် ဇောင်း‌တန်းကျေးရွာများမှ ဒေသအရန် မီးသတ်တပ် ဖွဲ့ဝင်များက လက်ခံရယူခဲ့သည်။

အဆိုပါပေးအပ်ပွဲသို့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲရင့်လှိုင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အရန်မီးသတ်တပ် ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်းနှင့် မဲဇလီကုန်းမြို့‌ ဒေသခံအရန်မီးသတ် တပ်ဖွဲ့အတွက် အပေါ့စား ရေစုပ်စက်၁လုံး၊ ကြို့ပင်‌ကျေးရွာ၊ ဇောင်းတန်းကျေးရွာ၊ ငှက်ပျောတောကျေးရွာများအတွက် မီးသတ်ဝတ်စုံ အစုံ(၅၀) ပေးအပ်ခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)