ကျောက်ကြီး သြဂုတ် ၂၅
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်၌ တုံးကြီးကျေးရွာအုပ်စု ရှမ်းကျောင်းကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်း ကာ သံဘိုချောင်းရေ မြင့်တက်လာပြီး ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျသဖြင့် ယမန်နေ့နံနက် (၇:၀၀)နာရီတွင် လူနေအိမ် တစ်လုံး ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြောင်းရွှေ့ခဲ့ရသည့်နေအိမ်မှာ ရှမ်းကျောင်းကျေးရွာတွင် နေထိုင်သည့် ဦးစိုးတင့်၏ (၄×၃)ပင်ပျဉ် ခင်း၊ ပျဉ်ကာ၊ သက်ကယ်မိုး အိမ်ဖြစ်ပြီး မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်သူနှင့် ကော်မတီဝင်များ ကွင်းဆင်းကြည့်ရှုခဲ့သည်။
မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအဖွဲ့၊ နယ်မြေခံစစ်သည်တော်များနှင့် ဒေသခံပြည်သူများမှ ယင်းနေအိမ်အား ရေဘေး အန္တရာယ် ကင်းရှင်းသည့် ဆွေမျိုးများအိမ်သို့ ပြောင်းရွှေ့ပေးခဲ့ပြီး လိုအပ်သည့် ကူညီ ပံ့ပိုးမှုများကို ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။
K ခိုင် ပြန်/ဆက်