ရေနံချောင်း ဩဂုတ် ၂၄
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့သည့် ယနေ့နံနက် ၉ နာရီခွဲက ရေနံချောင်းမြို့ပေါ်ရှိ ဆေးဆိုင်များနှင့် ကုန်ပစ္စည်းဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်းများဖြစ်သည့် နှာခေါင်းစည်း(mask)၊ လက်သန့်ဆေးရည်၊ Face shield များ ဈေးနှုန်းမြှင့်တင်ရောင်ချမှုရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရ သည်။
ထိုသို့စစ်ဆေးရာတွင် မြိုနယ်စားသုံးသူရေးရာဦးစီးဌာန ဒုတိယဦးစီးမှူး ဦးခိုင်ဇော်လင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးလင်းထက်အောင်နှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်၊ကုသရေးဆိုင်ရာပစ္စည်းများကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည် ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ မပြုလုပ်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တားမြစ်ထားကြောင်း ဆေးဆိုင်များနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ ရောင်းချသည့် ဈေးဆိုင်များအား အသိပညာ ပေးရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ တားမြစ်ချက်များအား မလိုက်နာပါက အနည်းဆုံးထောင်ဒဏ် ၆ လမှ ၃ နှစ်အထိချခံရမည့်အပြင် ငွေဒဏ် ၅ သိန်းကျပ်ကို လည်းပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
ကိုစိုးကြီး