ပြည် ဩဂုတ် ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယမန်နေ့ နံနက်ပိုင်းက ပြည်မြို့နယ် စာပေချစ်မြတ်နိုးသူများအဖွဲ့မှ စာရေးဆရာ အောင်သင်း၏ ရည်မှန်းချက်နှင့်ပြဿနာ အထွေထွေ စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် အဆိုပါအဖွဲ့၏ နာယက အမျိုးသားစာပေဆုရစာရေးဆရာကြီး မြဝင်း(ဒဿန)က စာရေးဆရာ အောင်သင်း၏ ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ စာအုပ်ကို ဦးဆောင် ဆွေးနွေးပြီး ဆရာဦးသိန်းဝင်း (ဝက်ထီးကန်)က ဘဝ ရည်မှန်းချက်၊ ဟောပြောချက်များနှင့် ပတ်သက်၍ လည်းကောင်း၊ ဆရာမောင်စိမ်းလန်း(ပြည်)က မေးမြန်းချက်နှင့် ပတ်သတ်၍ သော်လည်းကောင်း အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး စာပေချစ်မြတ်နိုးသူအဖွဲ့ဝင် စုစုပေါင်း ၂၅ ဦး တက်ရောက် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် အမျိုးသားစာပေဆုရ ဆရာကြီးဦးအောင်စိုး၊ အောင်စိုး(တိကု)နှင့် ဆရာမ ဒေါ်ဝင်းဝင်းမြင့်တို့က ပြည်မြို့နယ်အတွင်းရှိ ရှင်သန်စာကြည့်တိုက်များအတွက် စာအုပ်များ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
မင်းမင်းစိုး (ပြန်/ဆက်)