ကန့်ဘလူ ဩဂုတ် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သိုလှောင်ရုံ အဆောက်အဦးကို ယခုနှစ် ဖေဖော်ဝါရီလက စတင်ဆောက်လုပ်ခဲ့ရာတွင် ယနေ့(ဩဂုတ် ၂၄)ထိ ၉၂ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ကြောင်းသိရသည်။
အဆိုပါ သိုလှောင်ရုံကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုဘတ်ဂျက် ခွင့်ပြုရန်ပုံငွေကျပ် ၇၉ ဒသမ ၈ သန်းဖြင့် အလျားပေ ၅၀၊အနံပေ ၃၀၊အမြင့် ၂၈ ပေ အာရ်စီစီနှစ်ထပ် ဖြစ်ပြီး ယင်းတည်ဆောက်ရေး လုပ်ငန်းများ ကို ကေသရာထက်ကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်နေခြင်းဖြစ်ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးဇော်ထံမှ သိရ သည်။
ခရိုင်(ပြန်/ဆက်)