ရွှေတောင် သြဂုတ် ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီ က ကိုဗစ်-၁၉ ရောဂါ ကြိုတင်စောင့်ကြည့် ကာကွယ်ထိန်းချုပ်ရေး အစည်းအဝေးကို ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားရာ ရခိုင်ပြည်နယ်အတွင်း ပိုးတွေ့လူနာတွေ့ရှိမှု အခြေအနေများနှင့် မိမိတို့မြို့နယ် အတွင်း စောင့်ကြည့်ရေးစခန်းများ နယ်မြေစစ်ဆေးမှု လုပ်ငန်းများကို သက်ဆိုင်ရာဌာနများ၊ ဌာနဆိုင်ရာ များနှင့် ပရဟိတအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ သည်။
ဆက်လက်ပြီး တက်ရောက်လာသော ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက မြို့နယ်အတွင်း ကိုဗစ်-၁၉ နှင့် ပတ်သက်သော အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)