ပေါင်းတည်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူများအား မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်

ပေါင်းတည်  သြဂုတ် ၂၄

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများ နိင်ငံသားစိစစ်ရေး ကတ်ပြား ရရှိရေးအတွက် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ရုံးသည်မြို့နယ်အတွင်းရှိ အုပ်ချုပ်ရေး အဖွဲ့များနှင့် ပူးပေါင်း၍ ရပ်ကွက်/ကျေးရွာ အုပ်စုများ အရောက် ကွင်းဆင်းကာကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ နိင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးနိင်ရေး လုပ်ငန်းများကို ယမန်နေ့နံနက်(၁၀)နာနီက ပျဉ်းပင်ကန်ရပ်ကွက်တွင် ဆောင်ရွက်ပေး လျက် ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပေါင်းတည်မြို့နယ် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန  ပေါင်းတည်မြို့နယ်ရုံးမှ ဦးစီးမှူး ဦးဌေးခိုင်နှင့် ဝန်ထမ်းများသည် ပျဉ်းပင်ကန် ရပ်ကွက်ရှိ ရပ်ကွက် အုပ်ချုပ် ရေးမှူးရုံးတွင် လာရောက်ဆောင်ရွက် ကြမည့်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီဆောင်ရွက်ထားရှိပြီး အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသား စိစစ်ရေး ကတ်ပြားမရှိသူ  (၄၀) ဦးအား နိင်ငံသားစိစစ်ကတ်ပြားရရှိရေး  ဆောင်ရွက်ပေးရာတွင် ပျဉ်းပင်ကန် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းဆွေ စာရေးဝန်ထမ်း ရာအိမ်မှူး ဆယ်အိမ်မှူးတို့က ရပ်ကွက်အတွင်းရှိ လမ်းများ အလိုက် လိုက်လံနှိုးဆော် အသိပေးခြင်းနှင့်အတူ လိုအပ်ချက် များအား ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

တင်ဝင်းဇော်(မင်းသားကြီး)ပေါင်းတည်