မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် COVID - 19 ရောဂါကာကွယ်ထိန်းချုပ်ရေး အစည်းအဝေးပြုလုပ်

သံဖြူဇရပ်  သြဂုတ်   ၂၄

မွန်ပြည်နယ်  သံဖြူဇရပ်မြို့နယ်တွင်  COVID - 19 ရောဂါကာကွယ်ထိန်းချုပ်ရေး အစည်းအဝေးကို   ယနေ့  နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေးခန်းမတွင်ပြုလုပ် သည်။
ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဦးမှ ယခုအချိန်သည် COVID - 19   ရောဂါပြန် လည် ဖြစ်ပွားနေသည့် အချိန်ဖြစ်၍  မိမိတို့မြို့နယ်တွင်လည်း  COVID - 19   ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းကို ကော်မတီပြန်လည်ဖွဲ့စည်းပြီး အရှိ်န်အဟုန်မြှင့် ပြန်လည်လုပ်ဆောင်ကြဖို့နှင့်စျေးများ၊ စားသောက်ဆိုင်များ ၊ လူစည်ကားရာနေရာနှင့် လမ်းဆုံများတွင်  MASK  တပ်ဆင်မှုများကို ရှောင်တခင်ပြန် လည်စစ်ဆေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

အစည်းအဝေးသို့တက်ရောက်လာကြသည့်  ကော်မတီဝင်များမှလည်း  COVID - 19   ရောဂါကာကွယ် ထိန်း ချုပ်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အေးအေးသီ(ပြန်/ဆက်)