အုတ်ဖို သြဂုတ် ၂၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ရန်ကုန်−ပြည်ကားလမ်း တာဆုံဂိတ်တွင် ကိုဗစ်−၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် သြဂုတ်လ ၂၄ ရက်နေ့မှ စတင်၍ စစ်ဆေးရေး ဂိတ်ဖွင့်လှစ်ကာ စစ်ဆေးမှုများ ဆောင်ရွက် လျက် ရှိကြောင်း သိရသည်။
အဆိုပါ စစ်ဆေးမှုများ ပြုလုပ်ရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ တွင် သြဂုတ်လ ၂၃ ရက်နေ့ မွန်လွဲပိုင်းက မြို့နယ်ကိုဗစ်−၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ စေတနာ့ဝန်ထမ်း များနှင့် လူမှုရေးအသင်းအဖွဲများမှ တာဝန်ရှိ သူများက ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ယနေ့ နံနက်မှ စတင်ကာ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲများ ပူးပေါင်း၍ နေ့စဉ်အလှည့်ကျ စစ်ဆေးမှုများ ပြုလုပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်သူ(အုတ်ဖို)