ကလေးမြို့နယ်တွင် ကိုဗစ်-၁၉ ကာလ ကိုယ်ဝန်ဆောင်မိခင်များအား ထောက်ပံ့ကြေးလျှောက်ထားရန် ငွေဗိုက် (ngwe bikeapplication)ဖြင့် စာရင်းပေးသွင်းနိုင်ရေး ကူညီဆောင်ရွက်

ကလေး ဩဂုတ် ၂၄

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ Covid-19 ကာလ ကလေးမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်များအား ထောက်ပံ့ကြေးလျှောက်ထားရန်အတွက် ငွေဗိုက် (Ngwe bike application)ဖြင့် စာရင်း ပေးသွင်းရာတွင် အခက်အခဲ မရှိစေရန် ကလေးခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှဝန်ထမ်းများက လိုက်လံကူညီ ရှင်းပြပေးခြင်းများကို ယမန်နေ့များက ဆောင်ရွက် ခဲ့ကြကြောင်း သိရှိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မေဦး ဦးဆောင်သော ဝန်ထမ်း များက မြိုနယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအား ထောက်ပံ့ကြေးလျှောက်ထားရန်အတွက် ငွေဗိုက် (Ngwe bike application) ဖြင့်စာရင်းပေးသွင်းရာတွင် အခက်အခဲမရှိစေရန် ကလေးမြို့နယ်ရှိ ကျေးလက် ကျန်းမာရေးဌာနများ၊ ကျေးလက် ကျန်းမာရေးဌာနခွဲများ နှင့်ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများသို့ သွားရောက်ကာ လိုအပ်သည့်အချက်အလက်များ ပါဝင်နိုင်ရန်နှင့် မိုဘိုင်းဖုန်းများဖြင့် ငွေဗိုက် (ngwe bike application)သို့ဝင်ရောက်ပုံအဆင့်ဆင့်တို့ကို လိုက်လံရှင်းပြ ပေးခြင်းတို့အပြင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံးသို့ လာရောက်မေးမြန်းသူများအား ဝန်ထမ်းများမှ အသေးစိတ် ရှင်းပြပေးကြ ကြောင်း  လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မေဦးထံမှကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ကြေးများကို ဩဂုတ်လ ၁၁ ရက်နေ့မှ စက်တင်ဘာ ၁၅ ရက်နေ့အထိ ငွေဗိုက် (ngwe bike application)ဖြင့် လျှောက်ထားနိုင်ပြီး စက်တင်ဘာလ ၂၀ ရက်နောက်ပိုင်းကာလတွင် ထုတ်ပေးသွားမည်ဖြစ်ကာ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး(နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသမပါ) မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ နေပြည်တော် (ပြည်ထောင်စုနယ်မြေ)၊ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီး တို့အကျိုးခံစားခွင့်ရှိပြီး ကျန်တိုင်းဒေသကြီး များနှင့်ပြည်နယ်များတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ယင်းတို့မှမွေးဖွား လာသော(၂)နှစ် အောက် ကလေးများ ငွေကြေးထောက်ပံ့မှုအစီအစဉ် (MCCT)မှတစ်ဆင့်ထောက်ပံ့လျက်ရှိကြောင်း ခရိုင်လူမှုဝန်ထမ်းရုံးသိရသည်။

သန်းထိုက်အောင်(ပြန်/ဆက်)