မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်း‌ရေးမှူးမှ မင်းလှမြို့နယ်ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိ သူများအားတွေ့ဆုံ

အထက်မင်းလှ ဩဂုတ် ၂၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူးမှ  မင်းလှမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူများနှင့် တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၇ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး‌ဌာန အစည်း အဝေး ခန်းမ၌ကျင်းပခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင်  မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးဦးဝေဇင်ထွန်း        က ၂၀၂၀ ပြည့်နှစ် တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေး ပိုင်ခွင့် ရှိသူများ မဲပေးခွင့် မဆုံးရှုံး စေရန်အတွက် မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်မှုရှိစေရန်၊ မဲဆန္ဒ ရှင်စာရင်းတွင် အမည်ပါဝင်ပြီး မှတ်ပုံတင် နံပါတ်ဖြည့်သွင်းရန်ကျန်ရှိသူများအားမှန်ကန်မြန်ဆန်စွာပြန်လည်ဖြည့်သွင်းနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများဆောင် ရွက်ပေးရန် တို့ကို  ပြောကြားခဲ့သည်။

ဆက်လက်၍ မင်းလှမြို့နယ် အုပ်ချုပ်ရေးမှူးဦးအောင်စိုးဦးနှင့်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ကြည်ကြည်ထွေးတို့က လုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေများကိုရှင်းလင်း တင်ပြခဲ့သည်။

ထို့နောက်  မင်းလှမြို့အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ထားရှိသည့် မဲရုံ ပုံစံအား ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို   လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

ဇာဇာ(အထက်မင်းလှ)