ခန္တီးမြို့မင်္ဂလာဈေးအတွင်း ရေဝင်ရောက်သည့်ကာလအတွင်း ယာယီဈေးဖွင့်လှစ်ထားသည့်နေရာအား သန့်ရှင်းရေးဆောင်ရွက်

ခန္တီး သြဂုတ်  ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ မင်္ဂလာဈေးကို ယနေ့မှစ၍ ပြန်လည်ရောင်းချခွင့်ပြုပြီ ဖြစ်သဖြင့် ဈေးအတွင်း သို့ ချင်းတွင်းမြစ်ရေဝင်ရောက်သည့်ကာလအတွင်း ယာယီဈေးဖွင့်လှစ်ထားသည့်  ခနီ္တးမြို့ တောင်တန်း သာသနာပြု ဘုန်းကြီးကျောင်းရှေ့ကမ်းနားလမ်း ဘေး၊ ဝဲ၊ ယာအား စည်ပင်သာယာရေးအဖွဲ့က ယနေ့နံနက်ပိုင်းတွင် သန့်ရှင်းရေး ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ချင်းတွင်းမြစ်ရေသည် မင်္ဂလာဈေးအတွင်းသို့ သြဂုတ်လ ၁၉ ရက်နေ့တွင် စတင်ဝင် ရောက်လာသဖြင့် ပြည်သူများ အဆင်ပြေစေရေးအတွက် ကမ်းနားလမ်းလမ်း တောင်တန်း သာသနာပြုဘုန်းကြီးကျောင်းရှေ့၌ ယာယီဈေး ရောင်းချခွင့်ပြုခြင်းရာ ယခုအခါ ရေပြန်ကျလာသဖြင့် ယနေ့နံနက်ပိုင်းမှစ၍ ဈေးပြန်လည် ဖွင့်လှစ်ခြင်း ဖြစ်ကြောင်းသိရသည်။

အမ်းအင်းလမ်း(ပြန်/ဆက်)