မြင်းမူမြို့နယ်ရုံးတွင် လွတ်လပ်ရေးနေ့အကြောင်းသိကောင်းစရာ Talk Show ကျင်းပ

မြင်းမူ  ဒီဇင်ဘာ  ၂၁

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာအသိပညာပေး   Talk Show ဆွေးနွေးပွဲကို  ယနေ့နံနက်ပိုင်း က   မြင်းမူမြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန   ပြည်သူ့စာကြည့်တိုက်တွင်      ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန   ဦးစီးအရာရှိ (တာဝန်ပေး) ဦးနေလင်းအောင် က  Talk Show  ဆွေးနွေပွဲ    ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍   မြင်းမူမြို့၊  အခြေခံပညာ  အထက်တန်းကျောင်း      ကျောင်းအုပ်ဆရာမကြီး (အငြိမ်းစား) ဒေါ်ခင်စန်းဝင်း က လွတ်လပ်ရေးနေ့သမိုင်းကြောင်း၊ လွတ်လပ်ရေး၏အရသာ စသည့် အကြောင်းအရာများနှင့် ပတ်သက်၍  အသိပညာပေး  ဆွေးနွေးပေးခဲ့ကြောင်း သိရှိရသည်။

မြင်းမူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ စာဖတ်ဝိုင်းများ၊ ပုံပြောပြိုင်ပွဲများ၊ Talk Show ဆွေးနွေးပွဲများ၊ စာအုပ်စာစောင်ပြပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)