ကျောက်ကြီး ဒီဇင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် တုံးကြီးကျေးရွာအုပ်စု၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုဖလား ဘောလုံးပြိုင်ပွဲအား ဖန်ခါးကုန်းကျေးရွာ အားကစားကွင်း၌ ယနေ့နံနက် ၉ နာရီတွင် မြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာန၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး နှင့် ရပ်မိရပ်ဖများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဘောလုံးပြိုင်ပွဲအား (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တုံးကြီးကျေးရွာ အုပ်စုနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများအား ဖိတ်ခေါ်ပြီး ဘောလုံးပြိုင်ပွဲ ပြုလုပ်ပေးရခြင်း ဖြစ်ကြောင်းနှင့် ကျေးရွာအတွင်း ဒေသခံပြည်သူများ ကိုယ့်လက်လှုပ်ရှားမှု တစ်ရပ်အနေဖြင့် ကျန်းမာ ကြံ့ခိုင်စေရန်ရည်ရွယ်ပြီး ဘောလုံးပြိုင်ပွဲ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကိုဌေး ပြောကြားချက်အရ သိရသည်။
အဆိုပါပြိုင်ပွဲအား ဒီဇင်ဘာ ၁၉ ရက်နေ့ မှ ဇန်နဝါရီ ၄ ရက်နေ့အထိ ပြိုင်ပွဲဝင်အသင်း(၁၀)သင်းဖြင့် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး၊ ပြိုင်ပွဲ၌ ပထမရရှိသည့် အသင်းအား ဆုကြေးငွေ(၂) သိန်းကျပ်၊ ဒုတိယ ရရှိသည့် အသင်းအား ဆုကြေးငွေ(၁)သိန်းကျပ်၊ တတိယရရှိသည့် အသင်းအား ဆုကြေးငွေ (၅)သောင်းကျပ် ဆုများ အသီး သီး ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်