ဝါးခယ်မမြို့နယ် Community Centre ခန်းမတွင်“အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ဖို့ ယခုပင်ဆောင်ရွက်စို့”ခေါင်းစဉ်ဖြင့် အသိပညာပေးTalk Show ကျင်းပ

ဝါးခယ်မ  ဒီဇင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် ရွှေနန်းမေ၏ “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ဖို့ ယခုပင်ဆောင်ရွက်စို့ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး Talk Show တွင် ဝါးခယ်မမြို့နယ်ရုံး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်ရီရီလွင်နှင့် ရုပ်သံကျွမ်းကျင် ၃ ဒေါ်စောသန္တာဦးတို့မှ ရွှေနန်းမေ၏ ဆောင်းပါးမှ အမျိုးသမီးများအပေါ် အိမ်တွင်းအကြမ်း ဖက်မှုများနှင့် သက်ငယ်မုဒိမ်း ကျူးလွန်ခြင်းများ၊ အမျိုးသမီများအား လူကုန်ကူးမှုဖြစ်ရပ်များ၊ အမျိုးသမီးများ၏ အခွင့်အရေးများ၊ စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝါးခယ်မမြို့နယ်ရုံးမှ ပြည်သူများ အသိပညာ တိုးပွားစေရေးအတွက် Online မှတဆင့် Talk Show များ၊ ပြပွဲပြိုင်ပွဲများ၊ ပုံပြင်များ၊ ကဗျာများ၊ စာဖတ်ဝိုင်းများ၊ စာအုပ် မိတ်ဆက်ခြင်းများ အပါအဝင် အခြားဗဟုသုတရဖွယ် အစီအစဉ်များ ကို ဝါးခယ်မပြည်သူ့စာကြည့်တိုက် Facebook Page မှ ထုတ်လွင့်ပေးလျက်ရှိကြောင်း သိရသည်။

စောသန္တာဦး(ဝါးခယ်မပြန်/ဆက်)