ရွှေဘိုမြို့ခရိုင် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြု (Community Centre) ခန်းမ၌ စာရေးဆရာ ရွှေစောသက်၏ ယစ်မူးသော အချစ်နှင့်မြတ်နိုးသော မေတ္တာကြားက ကျွန်တော် ခေါင်းစဉ်ဖြင့် ရသ စာဖတ်ဝိုင်းပြုလုပ်

ရွှေဘို ဒီဇင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြု (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ဇာတိသွေးနှင့် ရွှေဘိုအတွေး စာဖတ်ဝိုင်း (Books Club) အဖွဲ့က ရွှေဘိုသွေး မဂ္ဂဇင်းအမှတ် ၁ တွင် ရေးသားထားသော စာရေးဆရာ ရွှေစောသက်၏ ယစ်မူးသောအချစ်နှင့် မြတ်နိုးသော မေတ္တာကြားက ကျွန်တော် ခေါင်းစဉ်ဖြင့် ရသစာဖတ်ဝိုင်းကို ကျင်းပခဲ့သည်။

ရှေဦးစွာ ရွှေဘိုခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးမြမွန်က စာဖတ်ဝိုင်း ဆောင်ရွက်ပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း၊ ရွှေဘိုမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအောင်ဘုန်းညို ယစ်မူးသောအချစ်နှင့် မြတ်နိုးသော မေတ္တာကြားက ကျွန်တော်ခေါင်းစဉ်ဖြင့် ဦးဆောင် ဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး စာရေးဆရာ ရွှေစောသက်က ယစ်မူးသောအချစ်နှင့် မြတ်နိုးသော မေတ္တာကြားက ကျွန်တော် ရသစာပေးရေးရခြင်း အကြောင်းကို ရှင်းလင်း ပြောကြားခဲ့သည်။

ယင်းနောက် တက်ရောက်လာသော စာပေဝါသနာရှင်များက သိရှိလိုသိများ မေးမြန်းပြီး ဝိုင်းဝန်း ဆွေးနွေး ခဲ့ကြသည်။

အဆိုပါ စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် စာပေဝါသနာရှင်များက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ဇာတိသွေးနှင့် ရွှေဘိုအတွေးစာဖတ်ဝိုင်းနာယက အရှင်နိမလနှင့် ဥက္ကဋ္ဌ ဦးအောင်ဘုန်းညိုတို့က စာပေဝါသနာရှင်များ သိရှိလိုသည်များကို ပြန်လည်ဖြေကြား ပေးခဲ့ကြပြီး နောက်တစ်ပတ် ဆွေးနွေးမည့် ခေါင်စဉ်ကို ရွေးချယ်ခဲ့ကြကြောင်း သိရသည်။

စိုးသီဟ(ရွှေဘို)