သံဖြူဇရပ်မြို့နယ် ကျိုက္ခမီ မိခင်နှင့်ကလေးမူကြိုကျောင်းအား ကိုဗစ်-၁၉ စည်းကမ်းချက် များနှင့်အညီ ဖွင့်လှစ်နေမှုကို ကွင်းဆင်းစစ်ဆေး

သံဖြူဇရပ်     ဒီဇင်ဘာလ   ၈

ကိုယ့်အားကိုယ်ကိုး    မူလတန်းကြိုကျောင်းများ     ဖွင့်လှစ်သင်ကြားနေပြီးဖြစ်၍     ယမန်နေ့ နံနက်၁၀ နာရီက   မွန်ပြည်နယ်   သံဖြူဇရပ်မြို့နယ်    ကျိုက္ခမီ မိခင်နှင့် ကလေးမူကြို ကျောင်းအား မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနက   ကျန်းမာရေးဝန်ကြီးဌာနက     ထုတ်ပြန်ထားသည့်    ကိုဗစ်- ၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ထားရှိမှု အခြေအနေအားကွင်းဆင်းစစ်ဆေးကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်  လူမှုဝန်ထမ်းဦးစီးဌာန  တာဝန်ရှိသူများက  ကျန်းမာရေး ဝန်ကြီးဌာနမှ   ထုတ်ပြန်ထားသည့်   ကိုဗစ် - ၁၉      စည်းကမ်းချက်များနှင့်အညီ  ကျောင်းတွင်  Cornerပြင်ဆင်ထားရှိမှု၊    ကျောင်းပြင်ပပြင်ဆင်ထားရှိမှု ၊   သင်ထောက်ကူ   ထောက်ပံ့ပစ္စည်းများ ထားရှိမှုရှိ/မရှိ၊ အဆောက်အဦ အခြေအနေ၊ ဆရာမများကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးနှံထားမှု အခြေအနေတို့ကို    စစ်ဆေးခဲ့ပြီး၊   ကျိုက္ခမီ မိခင်နှင့်ကလေးမူကြိုကျောင်းကို      ဒီဇင်ဘာလ  (၁)    ရက်နေ့မှစ၍ ဖွင့်လှစ်သင်ကြားရာတွင် ၊ သင်ကြားချိန်အား တစ်ပတ်(၅) ရက်ဖြင့် တနင်္လာနေ့မှ  သောကြာနေ့ရက်များတွင်  နံနက် ၉ နာရီခွဲ မှ ညနေ ၃ နာရီခွဲအထိ  သင်ကြားပေးပြီး ကျောင်းသား /သူ(၄၂) ဦးတက်ရောက်သင်ကြားနေကြောင်း သိရသည်။

အေးအေးမွန် ( ပြန်/ဆက်)