ပန်းတနော် ဒီဇင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ဆောင်းသီးနှံစိုက်တောင်သူများအား ၂၀၂၁ ခုနှစ်၊ ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ပန်းတနော်မြို့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်ခွဲမှ ယမန်နေ့နံနက်ပိုင်းက စတင်၍ ကျေးရွာအုပ်စု ၄ အုပ်စုအား ထုတ်ချေးပေးလျက်ရှိသည်။
ပန်းတနော်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ဆောင်းရာသီစိုက်ပျိုးစရိတ် ဘဏ်ချေးငွေများ ပြန်လည် ပေးချေပြီးသည့် တောင်သူများအား ၂၀၂၁ ခုနှစ်၊ ဆောင်းရာသီစိုက်ပျိုးစရိတ် ဘဏ်ချေးငွေများကို ဆက်လက်ထုတ်ချေးပေးလျက်ရှိပြီး ဆောင်းစပါးတစ်ဧကလျှင် ငွေကျပ် (၁၅၀,၀၀၀) နှုန်း၊ ပဲသီးနှံတစ်ဧကလျှင် ငွေကျပ် (၁၀၀,၀၀၀)နှုန်း တို့ဖြင့် ထုတ်ချေးပေးလျက်ရှိရာ ဒီဇင်ဘာ ၃ ရက်နေ့၌ အင်းတကောကျေးရွာအုပ်စု၊ ပသွယ်ကျေးရွာ အုပ်စု၊ ဆင်လမ်းကြီးကျေးရွာအုပ်စုနှင့် ကညင်ငူကျေးရွာအုပ်စုတို့ရှိ တောင်သူ (၈၀)ဦးခန့်အား ထုတ်ချေးပေးလျက် ရှိကြောင်း ပန်းတနော်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးခင်မောင်ဝင်းထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)