နတ်မောက် အောက်တိုဘာ ၂
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် အင်းကုန်းကျေးရွာတွင် မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ စားဖိုဆောင်သီးနှံကြက်သွန်နီ GAP နည်းစနစ်ဖြင့် စိုက်ပျိုးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် တောင်သူများ ပူးပေါင်း၍ နည်းပညာပေး လက်တွေ့ပြသစိုက်ပျိုးခဲ့သည်။
နတ်မောက်မြို့နယ်၏ ရာသီဥတုနှင့်ကိုက်ညီမှုရှိသည့် စားဖိုဆောင်သီးနှံကြက်သွန်နီများကို တစ်မြို့နယ်လုံးအတွက် အင်းကုန်းကျေးရွာတွင် ဧက- ၂၀ စိုက်ပျိုးထားရှိကြောင်းသိရသည်။
ထိုသို့စိုက်ပျိုးခြင်းဖြင့် ဆောင်းရာသီတွင် အာဟာရပြည့်ဝပြီး လွယ်လင့်တကူ စိုက်ပျိုး စားသောက်နိုင်ရန်၊ GAP နည်းစနစ်ဖြင့် တောင်သူများ လိုက်ပါစိုက်ပျိုးနိုင်ရန်၊ တစ်ပိုင်တစ်နိုင် စိုက်ပျိုးပါက မိသားစုအပိုဝင်ငွေရရှိနိုင်ကြောင်း စိုက်ပျိုးရေးတောင်သူများ လက်တွေ့ သိရှိနိုင်စေရန် ယခုလိုတောင်သူအသိပညာပေး စိုက်ပျိုးရခြင်းဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှ ိဒေါ်မြင့်မြင့်ချိုထံမှ သိရသည်။
သင်းသင်းမြတ်