အုတ်တွင်း ဩဂုတ် ၂၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ခြေတုလက်တု တပ်ဆင်ရန် လိုအပ်သူများကို မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့ ပူးပေါင်းဆောင်ရွက်သည့် ဘားအံ ခြေတုလက်တု ဆိုင်ရာ ပြန်လည် သန်စွမ်းရေး ဌာနမှ ပညာရှင်များသည် ယမန်နေ့ နံနက်ပိုင်းက ဈေးရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်းတွင် အသေးစားတပ်ဆင်မှုများ ပြုလုပ်ပေးခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာမှ တာဝန်ခံအရာရှိ ဒေါ်နော်ချယ်ရီလွင်နှင့်အဖွဲ့၊ အုတ်တွင်း မြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးခင်မောင်ချိုတို့မှ ခြေတုလက်တု တပ်ဆင်ရန် လိုအပ်သူ ၃၅ ဦးကို လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်ပေးခဲ့သည်။
ဆက်လက်၍ ဘားအံခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနမှ မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့ အတွက် Face Shield (၃၀)ခု နှင့် နှာခေါင်းစည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။
စည်သူ (ပြန်/ဆက်)