နတ်မောက်မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်သို့ အလှူရှင်များက စာအုပ်၊စာစောင်များ လစဉ်လှူဒါန်း

နတ်မောက်  သြဂုတ်  ၂၁

မကွေးတိုင်းဒေသကြီး ၊ မကွေးခရိုင် ၊ နတ်မောက်မြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာန၊မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်သို့ ယနေ့ နံနက်(၉)နာရီက ဌာနဆိုင်ရာ အလှူရှင် များက စာအုပ်စာစောင်များလာ ရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။ 

ထိုသို့လှူဒါန်းရာတွင် မြို့ပေါ်ရှိဌာနဆိုင်ရာများ၊ စာဖတ်ဝါသနာပါသူများ၊  စာပေဝါသနာ ပါသူ များမှ လစဉ်ထုတ်မဂ္ဂဇင်းများ ၊ သုတ/ရသစာအုပ်များ ၊ကလေးစာပေများ၊ စာဖတ်သူ ကြိုက်နှစ် သက်သော အကြံပြုချက်စာအုပ်များကိုလည်း အလှူရှင်များကလစဉ် ဝယ်ယူလှူဒါန်း ပေးလျှက် ရှိကြောင်းနှင့် စာကြည့်တိုက်သို့ တစ်နေ့လျှင် စာပေလေ့လာဖတ်ရှုသူ ၊ ငှါးရမ်းသူ (၅၀)ဦး ကျော်ရှိကြောင်းကို မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက် စာထောက်-၃ထံမှ သိရသည်။

သင်းသင်းဝေ(နတ်မောက်)