ကျောက်မြောင်း ဩဂုတ် ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့ ကုလားမ ကျေးရွာတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် မဲစာရင်းတွင် ပါဝင်ပြီး အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသောသူများအား သစ္စာစီမံချက်ဖြင့် ယနေ့ နံနက်(၉) နာရီအချိန်တွင် ကျောက်မြောင်း မြို့၊ ကုလားမကျေးရွာသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများက နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်း ပြုလုပ်ပေးလျက်ရှိသည်။
ထိုသို့ပြုလုပ်ပေးရာတွင် ကျောက်မြောင်းမြို့ ကုလားမကျေးရွာမှ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူအယောက်(၅၀)ဦးကို ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ဒုတိယ လဝကမှူး ဦးအောင်သူစိုးထံမှ သိရသည်။
ဇင်ပိုင်မှူး(ကျောက်မြောင်း)