မင်းလှမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ/မရှိစစ်ဆေး

အထက်မင်းလှ ဩဂုတ် ၂၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားမှုများကို ယမန်နေ့နံနက်  ၁၀  နာရီက မင်းလှမြို့ အခြေခံပညာ အထက်တန်း ကျောင်း၌ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကိုဗစ်-၁၉ ထိန်းချုပ်‌ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦး၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာစန်းစန်းမိုး၊ မြို့နယ်ပညာရေးမှူး ဦးဇော်ဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျောင်းဝင်းအတွင်းနှင့် စာသင်ခန်းများတွင် သတ်မှတ် အကွာအဝေးနှင့် စနစ်တကျ နေရာပြင်ဆင်ထားရှိမှု၊ ကျောင်းသား၊ ကျောင်းသူများအတွက် ပါးစပ်နှင့် နှာခေါင်းစည်းများ၊ Face Shieldများ၊ လက်ဆေးဘေစင်များ၊ ကိုယ်အပူချိန်တိုင်း ကိရိယာများထားရှိမှု၊ စာသင်ချိန်များ စီစဉ်ထားရှိမှုနှင့် ကျောင်းတက်ချိန်/ ကျောင်းဆင်း ချိန်အတွက် ပြင်ဆင်ထားရှိမှုများစသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့‌ကြောင်းသိရသည်။

ဇာဇာ(အထက်မင်းလှ)