မင်းလှမြို့နယ်၌ ၂၀၂၀ပြည့်နှစ်တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး တွက် မဲရုံတည်နေရာများအား ကြည့်ရှုစစ်ဆေး

အထက်မင်းလှ သြဂုတ် ၂၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံဆောင်ရွက်မည့် အခြေခံပညာ ကျောင်းများကို ယမန်နေ့နံနက် ၁၀ နာရီခွဲက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြာင်း သိရသည်။

မင်းလှမြို့နယ်၌၂၀၂၀ ပြည့်နှစ်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူများ ဆန္ဒမဲပေးရာတွင် အဆင်ပြေစေရန်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒါ်ကြည်ကြည်ထွေးနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင် ဌာနဆိုင်ရာတာဝန်ရှိသူများက ရပ်ကွက်/ ကျေးရွာများရှိ အခြေခံပညာကျောင်း များတွင် မဲရုံတည်နေရာအဖြစ် ဆောင်ရွက်မည့် စာသင်ဆောင်များကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှူးများအား လိုအပ်သည်များ ဆောင်ရွက် ရန် မှာကြားခဲ့သည်။

မင်းလှမြို့နယ်တွင် ရပ်ကွက်(၆)ရပ်ကွက်၊ ကျေးရွာအုပ်စု (၆၃) အုပ်စုတွင် မဲရုံပေါင်း ၁၂၀ ရုံရှိကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)