ကျောက်မြောင်း ဩဂုတ် ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်၍ စားသောက်ဆိုင်များနှင့် လက်ဖက်ရည် ဆိုင်များတွင် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားခြင်း ရှိ/မရှိ ယမန်နေ့ညနေ(၄)နာရီအချိန်က ရှောင်တခင်လိုက်လံ စစ်ဆေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျောက်မြောင်းမြို့ မြို့အုပ်ချုပ်ရေးမှူးဦးထွန်းအေးခိုင်၊ မြို့နယ် စည်ပင်သာယာရေး အမှုဆောင်အရာရှိနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာ တာဝန်ရှိဌာနဆိုင်ရာ အကြီးအကဲများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က မြို့ပေါ်ရှိ လဘက်ရည် ဆိုင်နှင့် စားသောက်ဆိုင်များတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားရှိခြင်း ရှိ/မရှိ ရှောင်တခင် လိုက်လံစစ်ဆေးပြီး လိုက်နာဆောင်ရွက်ထားခြင်း မရှိသည့်ဆိုင်များ အား ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း စည်ပင်အမှုဆောင်အရာရှိ ဦးသန့်သူအောင် ပြောကြားချက်အရ သိရသည်။
ဇင်ပိုင်မှူး(ကျောက်မြောင်း)