မင်းလှမြို့၌ နိုင်ငံခြားဖြစ်အရက်အမျိုးမျိုးတို့နှင့် စပ်လျဉ်း၍ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရန် လုပ်ငန်း ရှင်များအား အသိပေးရှင်းလင်း

အထက်မင်းလှ  ဩဂုတ် ၂၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ပြည်တွင်းအခွန်ဦးစီးဌာနမှ နိုင်ငံခြားဖြစ် အရက်အမျိုးမျိုးနှင့်စပ်လျဉ်း၍ အခွန်တံဆိပ်ကပ်နှိပ်ရန်လုပ်ငန်းရှင်များအား အသိပေးရှင်းလင်းခြင်းကို ယမန်နေ့ ညနေ  ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနအစည်းအ ဝေးခန်းမ၌ ပြုလုပ် ခဲ့သည်။

ရှေးဦးစွာ မင်းလှမြို့နယ်ပြည်တွင်းအခွန်ဦးစီးဌာနမှူး ဒေါ်သင်းသင်းစိုးက နိုင်ငံခြားဖြစ်အရက်အမျိုးမျိုး တရားမဝင်တင်သွင်းရောင်းချခြင်းအပါ် မြို့နယ်အတွင်းရှိလုပ်ငန်းရှင်များမှ ကြေညာလွှာ တင်သွင်း ခြင်း၊ အခွန်ပေးဆောင်ခြင်းတို့ကို သိရှိလိုက်နာဆောင်ရွက်ရန်၊ နိုင်ငံခြားဖြစ်အရက်အမျိူးမျိုးတို့နှင့် စပ်လျဉ်း၍ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရန်တို့ကိုအသိ ပေးရှင်းလင်းခဲ့သည်။

ဆက်လက်၍  မြို့နယ်ပြည်တွင်းအခွန်ဦးစီးဌာနမှဝန်ထမ်းများက အခွန်အမှတ်တံဆိပ်ကပ်နှိပ်ပေးရန် ကြေညာလွှာများ၊ နိုင်ငံခြားဖြစ်အရက်အမျိုးမျိုးတို့နှင့်စပ်လျဥ်း၍ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရန် အသိပေးကြေညာချက်လက်ကမ်းစာစောင်များဖြန့် ဝေပေးခဲ့သည်။

ထို့နောက် တက်ရောက်လာသူများကသိရှိလိုသည်များမေးမြန်းရာ မြို့နယ်ပြည်တွင်းအခွန်ဦးစီး ဌာနမှူး နှင့် တာဝန်ရှိသူများကပြန်လည်ဖြေကြားပေးခဲ့ကြောင်းသိရသည်။

ဇာဇာ(အထက်မင်းလှ)