ပခုက္ကူ ဩဂုတ် ၂၁
ရာသီဥတုနှင့်လိုက်လျောညီထွေဖြစ်စေမည့်စိုက်ပျိုးစီးပွားရေးလုပ်ငန်းဆိုင်ရာ တန်ဖိုးကွင်းဆက် စီမံကိန်း အလုပ်ရုံ ဆွေးနွေးပွဲကို ပခုက္ကူမြို့တော်ဝင်နန်းဟိုတယ်ခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီ က ကျင်းပသည်။
ရှေးဦးစွာ FAO မှ ကမ္ဘာလုံးဆိုင်ရာစိုက်ပျိုးရေးနှင့်အစားအသောက်လုံခြုံ ရေးဆိုင်ရာအစီ အစဉ်မှ ခေါင်းဆောင် Dr.Munir ကကြိုဆိုနှုတ်ခွန်း ဆက်စကားပြော ကြား သည်။ဆက်လက်၍ ပခုက္ကူမြို့ နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးစန်းလွင်က စီမံချက် စတင်ရောက်ရှိ လာပုံနှင့် စီမံချက်ဝင်ကျေးရွာ ၅ ရွာ ရွေးချယ်မှုအခြေအနေ နှင့်ပခုက္ကူမြို့နယ်၏ လူဦးရေအချိုးအစား မြေယာ အခြေအနေနှင့် ရာသီဥတု ဆိုင်ရာအချက်အလက်များ ကိုရှင်း လင်း တင်ပြသည်။
အဆိုပါစီမံကိန်းကိုမြို့နယ် ၁၄ မြို့နယ်တွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး မန္တလေးတိုင်းဒေ သကြီးတွင် ၄ မြို့နယ်၊ မကွေးတိုင်းဒေသကြီးတွင် ၅ မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၅ မြို့ နယ် တို့တွင် စီမံချက် ကာလ၇ နှစ်အတွင်း စိုက်ပျိုးရေရရှိရေး လယ်ယာကုန်ထုတ်လမ်းများဖွံ့ဖြိုး တိုးတက်ရေး အာဟာရ တိုးတက် မြှင့်တင်ရေးလုပ်ငန်းများကို ADB နှင့် FAO အဖွဲ့တို့၏ ချေးငွေ၊ ထောက်ပံ့ငွေ ဒေါ်လာ ၆၇ သန်းဖြင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပခုက္ကူမြို့နယ်စိုက် ပျိုးရေး ဦးစီးဌာနကသိရသည်။
ကိုတမာ(ပြန်/ဆက်)