ပေါက် သြဂုတ် ၂၁
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြု စီမံကိန်း (စတုတ္ထနှစ်စက်ဝန်း) ထောက်ပံ့ရန်ပုံငွေနှင့် ကျေးလက်နေပြည်သူများ၏ ထည့်ဝင်ငွေ များနှင့်အကောင်အထည် ဖော်ဆောင်ရွက် ပြီးစီးအောင်ခဲ့သော ကျေးလက်အင်ဂျင်မီးလင်းရေး လုပ်ငန်းဖွင့်ပွဲနှင့်လူထုစစ်တမ်း ကောက်ယူပွဲကို ပေါက် မြို့နယ် တောင်မြင့်ကျေးရွာအုပ်စု၊ သစ်ညီနောင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းရှေ့၌ ယမန်နေ့ နံနက်ပိုင်းကကျင်းပသည်။
ရှေးဦးစွာကျေးလက်မီးလင်းရေးဖွင့်ပွဲကျင်းပရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာနမှ ဦးစီးမှူး ဒေါ်အေးအေးသန့်၊ လူထုဗဟိုပြုစီမံကိန်း နည်းပညာ အကြံပေးအဖွဲ့ခေါင်းဆောင် ဦးသိန်းဇော်၊ နည်းပညာအကြံပေး ကျားမရေးရာ တာဝန်ခံ ဦးမျိုးဝင်းထွန်း တို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက်ဆောင်ရွက်ပြီးစီးသွားသည့် စီမံကိန်း လုပ်ငန်းခွဲလုပ်ငန်း ဆောင်ရွက်မှုနှင့်ငွေကြေး သုံးစွဲမှုများကို စီမံကိန်းလုပ်ငန်းစဉ်တစ်ခု ဖြစ်သည့် လူထု စစ်ဆေးပွဲအဖြစ်ကျေးရွာလူထု အများ စုနှင့်နှစ်စဉ် ကျင်းပနေကျ ဖြစ်ေသာ်လည်း ယခု အခါ
Covid-19 ရောဂါ ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် လူစုလူဝေး ပြုလုပ်ရန်မဖြစ်နိုင်သည့် အတွက် ကျေးရွာ ကြော်ငြာသင်ပုန်းတွင် ကပ်ခြင်း၊ အသံချဲ့စပ်ဖြင့် ကြေညာခြင်း လုပ်ငန်းစဉ်၏ ရလာဒ်အပေါ် ကျေးရွာ လူထုစိတ်ကြေနပ်မှု အပေါ် မဲပေးနိုင်ေရးအိမ်တိုင်ရာရောက် စာရွက် ဝေပြီး၊ ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် သစ်ညီနောင်ကျေးရွာ တာဝန်ကျ စီမံကိန်း ဝန်ထမ်းများနှင့်ကျေးရွာ စီမံကိန်း အထောက်အကူပြု ကော်မတီဝင်များက ဦးဆောင်ပြီး၊ ကျေးရွာ အတွင်းလှည့်လည် ဆောင်ရွက်ကြရာ ပေါက်မြို့နယ် လူထု ဗဟိုပြု စီမံကိန်း အဖွဲ့ခေါင်းဆောင် ဦးသိန်းဇော်၊နည်းပညာအကြံပေး ကျားမရေးရာ တာဝန်ခံဦးမျိုးဝင်းထွန်း၊စောင့်ကြည့်ကြီးကြပ်ရေးတာဝန်ခံဦးသက်လှိုင်စိုး၊ဝယ်ယူရေးတာဝန်ခံဦးတင်ထူးအောင် နှင့် တာဝန်ကျဝန်ထမ်းများက အတူ လိုက်ပါ ကြီးကြပ်ပေးခဲ့သည်။
အဆိုပါ ကျေးရွာအင်ဂျင်မီးလင်းရေး လုပ်ငန်းမှာ စီမံကိန်းထောက်ပံ့ငွေကျပ်(၁၃၂၆၇၃၀၀)၊ ကျေးရွာ ထည့်ဝင် ငွေ ကျပ်(၂၀၆၉၈၈၈၀)၊စုစုပေါင်းငွေကျပ် (၃၃၉၆၆၁၈၀) နှင့်ဆောင်ရွက်ခဲ့ရာ ဩဂုတ်( ၁၂) ရက်နေ့တွင် ပြီးစီးခဲ့ကြောင်း၊အဆိုပါအင်ဂျင်မီးလင်ရေးလုပ်ငန်းနှင့် ပတ်သတ်တဲ့စိတ်ကျေနပ်မှုအပေါ်မဲပေးရာ လုပ်ငန်းစဉ် အတွက် ကျေးရွာလူထုမှမဲ ပေးရာအလွန်ကျေနပ်မဲ (၁၈၂) မဲ၊ကျေနပ်မဲ(၂၁)မဲနဲ့ ၊လုပ်ငန်းပြီးစီး ရလဒ်တွင် အလွန်ကျေနပ်မဲ (၁၈၂)မဲ၊ ကျေနပ်မဲ (၂၁)မဲရရှိပြီးလူထု စစ်ဆေးပွဲ ရလာဒ်တွေကို ကျေးရွာလူထုတွေ ပွင့်လင်းမြင်သာစွာ သိရှိစေဖို့ ကြော်ငြာ သင်ပုန်းမှာ ကြေညာ ပေးခဲ့ကြောင်း၊ လူထုစည်းရုံးရေးမှူး ဦးဝင်းနိုင်က ပြောကြားသည်။
ဉာဏ်တိုး(ပြန်ဆက်)