ထီးချိုင့်မြို့ Community Centre ၌ စာပေချစ်သူ (BOOK CLUB)အသင်း စာဖတ်ဝိုင်း ကျင်းပပြုလုပ်

ထီးချိုင့်  ဩဂုတ်  ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရိုင်၊ ထီးချိုင့်မြို့၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာပေချစ်သူ(BOOK CLUB) အသင်းတို့ ပူးပေါင်း၍   သုတ၊ ရသ စာပေ ဖတ်ရှု့ ဆွေးနွေးပွဲ စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၁)နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိုးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ မိတ်ဆက်စကားပြောကြားပြီး စာဖတ်ဝိုင်းတွင်  မြို့နယ်စာရေးဆရာအသင်းနာယက‌‌ မောင်ချစ်ထွေး(မဟာ၀ဇ္ဇာ)မှအဖွင့်အမှာစကား‌ပြောကြား ကာ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌစာရေးဆရာ ခင်မောင်ရွှေ(ထီးချိုင့်)နှင့် မြို့နယ်စာရေး ဆရာအသင်း အဖွဲ့ဝင်များဖြစ်ကြသော အောင်နိုင်ဦး(လယ်ယား)၊ အောင်ခိုင်စိုး (ခေတ်လင်း သစ်)၊ မောင်မောင်ချစ်(ထီးချိုင့်)၊ မောင်မောင်စိမ်း(ဇိးကုန်း)၊ ဒေါ်ခင်သန်းနိုင် (နိုင်/ဆေး မြန်မာ စာ)၊ စာပေချစ်မြတ်နိုးသူများနှင့် စာပေဝါသနာရှင်များက  စာရေးဆရာ ကျော်ဝင်း၏ ‘‘ နှစ်ဆယ့် တစ်ရာစု သားရွှေဥ ’’ စာအုပ်ထဲမှ မှန်ထဲကလူနှင့်စကား‌ပြောခြင်း၊ ဝိဘဇ္ဇအကျင့်၊ မျော်လင့်ချက် တွေရှင်သန်စေ၊ စာအုပ်ပါအ ကြောင်းအရာများကို  ဖတ်ရှု့ဆွေးနွေးပြောကြားကြပြီး ယင်းစာအုပ်မှရရှိသော သုတ၊ ရသ နာယူမှတ်သားဖွယ်ရာ ဗဟုသုတများကို အချင်းချင်း သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရဲလင်းထွန်း(ထီးချိုင့်)