ဗန်းမောက် ဩဂုတ် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်တွင် တရားမဝင်မူးယစ်ဆေးသုံးစွဲမှု၊ ရာဇဝတ် မှု များ၊ သေဆုံးမှုနှင့် မူးယစ်ဆေးဝါးသုံးစွဲမှု၏ နောက်ဆက်တွဲ အန္တရာယ်များလျော့ကျစေရန် မက်သာဒုန်း ဆေးရည် အစားထိုးတိုက်ကျွေးရေး အသိပေးရှင်းလင်းပွဲနှင့် ဖွင့်ပွဲအခမ်း အနားကို ယမန်နေ့မွန်းလွဲပိုင်းက ကြောင်လည်ကျေးရွာ အများပြည်သူသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးမင်း က အဖွင့်အမှာစကားပြောကြားရာတွင် မြို့နယ်အတွင်းမက်သာဒုန်းဆေးရည် တိုက်ကျွေးသည့် နေရာကို ဗန်းမောက်မြို့ပြည်သူ့ဆေးရုံတွင် တစ်ခုတည်းဖွင့်လှစ်ခဲ့ပြီး ယခုအခါ တိုက်နယ် ဆေးရုံတွေမှာ တိုးချဲ့ဖွင့်လှစ်ပေးသည့်အတွက် မူးယစ်ဆေးဝါး ဖြတ်သူများအတွက် ပိုမို ကောင်းမွန်ကြောင်းပြောကြားပြီး ဗန်းမောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်ကျော်လင်းက မက်သာဒုန်းဆေးရည်အစားထိုး တိုက်ကျွေးရေးဆိုင်ရာ သိကောင်း စရာများနှင့်ပတ်သက် ၍ ဦးဆောင်ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးမင်း၊ မြို့နယ်ပြည်သူကျန်းမာရေးမှူး ဒေါက်တာကျော်ကျော်လင်း၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကြောင်လည်ကျေးရွာ တိုက်နယ်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာတာဝန်ခံများနှင့် ရပ်မိရပ်ဖများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(ဗန်းမောက်)