ခန္တီး သြဂုတ် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယနေ့နံနက် ၆ နာရီခွဲအချိန်တိုင်းထွာချက်အရ ချင်းတွင်း မြစ်ရေ သည် ၁၃၉၂ စင်တီမီတာ ရှိပြီး ၇ နာရီခွဲအချိန်တွင် ၁၃၉၀ စင်တီမီတာသို့ ကျဆင်းလာသဖြင့် တစ်နာရီ လျှင် ၂ စင်တီမီတာနှုန်းဖြင့် မြစ်ရေပြန်ကျလာပြီဖြစ်ကြောင်း ခန္တီး မြို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြား မှုဦးစီးဌာန၏ မြစ်ရေတိုင်းတာချက် များအရ သိရသည်။
သြဂုတ်လ ၁၉ ရက် ယမန်နေ့ ည ၉ နာရီခွဲ တိုင်းထွာချက်အရ ၁၄၁၅ စင်တီမီတာရှိပြီး ယနေ့နံနက် ၇ နာရီခွဲအချိန်တွင် ၁၃၉၀ စင်တီမီတာဖြစ်သဖြင့် ( ၁၀ ) နာရီအတွင် ၂၅ စင်တီမီတာ၊ တစ်နာရီ ၂ စင်တီ မီတာနှုန်းဖြင့် ပြန်ကျလာခြင်း ဖြစ်သည်။
ချင်းတွင်းမြစ်ရေ ပြန်ကျလာသည်နှင့်အမျှ မြို့တွင်းမြေနိမ့်ပိုင်း ရှိ ရေဝင်ရောက်မှုလည်း အနည်းငယ် ပြန်ကျလာကြောင်း သိရသည်။
အမ်းအင်းလမ်း(ပြန်/ဆက်)