ဆင်ပေါင်ဝဲ နိုဝင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲ မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူ ဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကိုဗစ်-၁၉စည်းကမ်း ချက်များနှင့်အညီ ရုံးပိတ်ရက်များ အပါအဝင် ပြုလုပ်ဆောင်ရွက် ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဆင်ပေါင်ဝဲ မြို့နယ်ဦးစီးမှူးရုံး၌ ယမန်နေ့နံနက်(၁၀)နာရီမှစတင်၍ ကျေးရွာများမှ ပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးခဲ့ရ အသက်(၁၀)နှစ်ပြည့် (၃)ယောက်၊ အသက်(၁၈)နှစ်ပြည့် (၅)ယောက်၊ လဲလှယ်(၁၀)ယောက်၊ မိတ္တူ(၁၃)ယောက်၊ စုစုပေါင်း (၃၁)ဦးအား နေ့ချင်းပြီး ဆောင်ရွက်ပေး လျက်ရှိရာ၊ ၂၀၂၁-ခုနှစ်၊ မေလ(၃) ရက်နေ့မှ ယနေ့အချိန်ထိ ပန်းခင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်ပြည့် (၃၅၇)ဦး၊ အသက်(၁၈)နှစ်ပြည့်(၃၁၉)ဦး၊ လဲလှယ်(၅၂၂)ဦး၊ မိတ္တူ(၅၁၅)ဦး၊ စုစုပေါင်း(၁၇၁၃)ဦး ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ် ဦးစီးမှူးရုံး၊ ဦးစီးအရာရှိ ဦးသိန်းလွင်ထံမှ သိရသည်။
ချိုချိုဝင်း(ဆင်ပေါင်ဝဲ)