ဆင်ပေါင်ဝဲ နိုဝင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် (၆)လဘတ်ဂျက်အတွင်း ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး (VDP)စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ(၅)ရွာမှ ကျေးရွာကော်မတီဝင်များအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး (VDP)စီမံကိန်း ရေးဆွဲနည်းသင်တန်းကို ယနေ့နံနက် (၁၀)နာရီအချိန် က ဖွင့်လှစ်သင်ကြားခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းဦး က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း၏ ရည်ရွယ်ချက်၊ သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်၊ (VDP) စီမံကိန်း ရန်ပုံငွေအကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် ဘော်မြင့်ကျေးရွာ၊ စစ္စေးချောင်းကျေးရွာ၊ မကြီးစမ်းကျေးရွာ၊ လယ်ကျိုးကျေးရွာ၊ ကုက္ကိုစမ်းကျေးရွာတို့မှ တစ်ရွာလျှင် (၂)ဦးနှုန်းဖြင့် သင်တန်းသား (၁၀)ဦး၊ ရွာခွဲတာဝန်ခံ (၃)ဦး၊ စုစုပေါင်း (၁၃)ဦး တက်ရောက်ကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းဦးထံမှ သိရသည်။
ချိုချိုဝင်း