ပန်းတနော် နိုဝင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက လူထု အခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမြို့နယ်ဦးစီးမှူး ဒေါ်သီတာခိုင် က သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး(Talk Show)ဆွေးနွေးပွဲ ပြုလုပ် ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး မီးသတ်ဦးစီးဌာန လက်ထောက် ဦးစီးမှူးဦးဇေဇေအောင်က ရည်ရွယ်ချက်နှင့် ရည်မှန်းချက်တာဝန်(၄)ရပ် ဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့ အကျိုးပြုဆောင်ရွက်ရေး စသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေမှုအား အကျယ်တဝင့်ရှင်းလင်းပြောကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)