နတ်တလင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်

နတ်တလင်း နိုဝင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံး ဝန်ထမ်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ စာဖတ်ပရိတ်သတ်များ အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း အသိပညာပေး အစီအစဉ်များကို Online မှတစ်ဆင့် ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။

ယနေ့တွင် စာကြည့်တိုက်မှူး ဒေါ်ထားထားဦးမှ ကျောင်းသား၊ ကျောင်းသူ လူငယ်လေးများအား ဉာဏ်ရည်၊ ဉာဏ်သွေး ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာပေလေ့လာဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတ များ တိုးပွားလာစေရန်၊ လိမ်မာယဉ်ကျေးသော လူငယ်လူရွယ်လေးများ ဖြစ်လာစေရန်အတွက် ယင်းတလဲစာပေနှင့် ယဉ်ကျေးမှု ကော်မတီမှ ရေးသားပြုစုသော “စွန်နဲ့ကြက်” ပုံပြင်လေးဖြင့် Online မှ တစ်ဆင့် ရိုက်ကူးထုတ်လွှင့်ပေးခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့်ကလေးငယ် များအတွက် အသိပညာဗဟုသုတ တိုးပွားလာစေရန် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ အရုပ်ခေါက် ခြင်း၊ ဆေးရောင်ခြယ်ခြင်းစသည့် ထို့အပြင် စာပေဝါသနာရှင်များ စာဖတ်ပရိတ်သတ်များအတွက် စာအုပ်မိတ်ဆက်ခြင်းစသည့် အသိပညာပေးအစီအစဉ်များနှင့် Talk Show အစီအစဉ်များကို ရိုက်ကူး၍ Online မှ တစ်ဆင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)