ပုသိမ် နိုဝင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခု၊ (၆)လ ဘဏ္ဍာနှစ်တွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် တစ်ပိုင်တစ်နိုင်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်နိုင်ပြီး မိသားစု ဝင်ငွေတိုးပွားစေရန်အတွက် မြစိမ်းရောင်အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ကျပ်သိန်း(၃၀၀)ဖြင့် မြစိမ်းရောင် ကျေးရွာစီမံကိန်းအကောင်အထည်ဖော်ဆောင်ရန် စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာရန်ပုံငွေ ကြီးကြပ်မှုကော်မတီ ဖွဲ့စည်းခြင်း အခမ်းအနား ကို ၂၀၂၁ ခုနှစ်၊ ယမန်နေ့ နံနက်ပိုင်းတွင် သာပေါင်းမြို့နယ် ခတ္ထိယကျေးရွာအုပ်စု၊ ဂွေးတောက်ချောင်း ကျေးရွာရှိ ကျေးရွာခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ သာပေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်ဝတ်ရည်စိုးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာနေ ပြည်သူများတက်ရောက်ကြသည်။ ရှေးဦးစွာ သာပေါင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝတ်ရည်စိုးမှ အမှာစကားပြောကြားပြီး စီမံကိန်းနှင့် ပတ်သက်၍ မိတ်ဆက်ရှင်းလင်း ပြောကြားခဲ့ပြီး ကျေးရွာသူ/ကျေးရွာသားများ၏ အများသဘောဆန္ဒနှင့်အညီ ဆန္ဒမဲပေး၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းကျေးရွာရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်များကို ဖွဲ့စည်းပေးခဲ့ကြသည်။
အလားတူ သာပေါင်းမြို့နယ် ရွှေဇံအိုးကျေးရွာအုပ်စု၊ ကျောက်စရစ်ကုန်း ကျေးရွာတွင်လည်း ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအကောင်အထည် ဖော်ဆောင်ရန် စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာရန်ပုံငွေကြီးကြပ်မှု ကော်မတီ ဖွဲ့စည်းခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ဆက်