ဝက်လက်မြို့၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

ဝက်လက်  နိုဝင်ဘာ  ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာ Community Centre ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က စာအုပ်စာစောင် ချစ်မြတ်နိုးသူများက စာရေးဆရာမ ခင်စောတင့် ရေးသားပြုစုသည့်ခက်ခဲကျပ်တည်းသော အချိန်မှာ စိတ်ချမ်းမြေ့စရာစာအုပ်ကို စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။

ပထမဦးစွာ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ် ဥမ္မာဝင်း ကစာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ယင်းနောက်စာအုပ်စာစောင် ချစ်မြတ်နိုးသူ အသင်းအဖွဲ့ဝင် ဦးမျိုးအောင် ကအပြစ်တင်ခြင်း နှင့် ခွင့်လွှတ်ခြင်းခေါင်းစဉ်ဖြင့် ဆွေးနွေး ပြီးနောက်၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်းအဖွဲ့ဝင် ဒေါ်ခင်မာကြည် ကလည်း  “ ဘယ်သူတွေကို ဝေဖန်ထင်မြင်ချက်ပေးမှာလဲခေါင်စဉ်ဖြင့် အသီးသီးဆွေးနွေးကြရာ တက်ရောက်လာသူ များကလည်း သိလိုသည်များကို ပြန်လည်ဆွေးနွေးကြကြောင်း သိရသည်။

စိုးစိုးလှိုင် ( ဝက်လက်)