ရသေ့တောင် နိုဝင်ဘာ ၉
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူကလေးငယ်များအနေဖြင့် အသိပညာဗဟုသုတ တိုးပွားစေရေး မူလတန်းအဆင့် ဆေးရောင်ခြယ် ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်း၌ ကျင်းပပြုလုပ် ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်စံထွန်းက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက်ပြုင်ပွဲကို ဆက်လက်ကျင်းပရာ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၇)ဦးတို့က မိမိကြိုက်နှိက်သက်ရာ ရုပ်ပုံများအား ဆေးရောင်ခြယ်ယှဉ်ပြုင်ခဲ့ကြပြီး ဆုရရှိသူများအား မြို့နယ်ဦးစီးမှူးက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်ပြီး ဉာဏ်ရည် ဉာဏ်သွေးထက်မြက်စေရေးနှင့် အသိပညာဗဟုသုတ တိုးပွားစေရေးရည်ရွယ်ပြီး ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
အောင်စံထွန်း(ပြန်/ဆက်)