စာရေးဆရာ ကျွန်းသားငမန်း၏ စာပေခရီးလမ်းနှင့် စာပေ၏ အကျိုးကျေးဇူးများ ခေါင်းစဉ်ဖြင့် Talk Show ပြုလုပ်

စစ်တွေ  နိုဝင်ဘာ ၉

စာရေးဆရာ ကျွန်းသားငမန်း၏ စာပေခရီးလမ်းနှင့် စာပေ၏ အကျိုးကျေးဇူးများ ခေါင်းစဉ်ဖြင့် အသိပညာပေး ဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက်ပိုင်းက စစ်တွေခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ပြုလုပ်သည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူး ဒေါ်ယုယုနွယ်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြည်သူများအား အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ မြို့နယ်ရုံးများတွင် စာကြည့်တိုက်များ ဖွင့်လှစ်ပြီး စာအုပ်၊ စာပေများအား အခမဲ့ ငှားရမ်းပေးနေမှု၊ ပြည်သူများ အသိပညာဗဟုသုတ ရရှိစေမည့် အစီအစဉ်များကို Online မှတစ်ဆင့် ထုတ်လွှင့်ပေးနေမှုတို့ကို ရှင်းလင်း ဆွေးနွေး ပြောကြားသည်။

ထို့နောက် စာရေးဆရာ ကျွန်းသားငမန်းက ဆရာ၏နာမည်၊ ကလောင်ခွဲများ၊ စာပေခရီး၊ ဘဝခရီးလမ်းများ ဖြတ်သန်းခဲ့မှု၊ ဖြတ်သန်းခဲ့ရသည့် ဘဝအခက်အခဲများ၊ ဆရာ၏ ရေးသားခဲ့သော ကဗျာ၊ သတင်း၊ သတင်းဆောင်းပါးများ၊ ထုတ်ဝေခဲ့သောစာအုပ်များကို အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးပြီး နိုင်ငံ၏အနာဂတ် ပန်းကလေးများ ပွင့်လန်းစေရန်၊ ပညာသင်ကြားရမည်၊ စာအုပ်စာပေလေ့ လာဖတ်ရှုရမည်၊ ပညာတတ်မှ အသိပညာရကြမည်၊ အသိပညာရမှ အတတ်ပညာရမည်၊ စာပေလေ့ လာဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတများ တိုးပွားကာ တိုင်းပြည် နိုင်ငံကို တည်ဆောက်ကြရာတွင် မောင်းနှင်အားကောင်းသော လူငယ်များဖြစ်လာမည်ဖြစ်ကြောင်း စာပေ၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြား ခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)