ကျိုက်မရော နိုဝင်ဘာ ၉
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ကလိုင်းကနိုင်ကျေးရွာတွင် စီးပွားဖြစ် ကြက်ဟင်းခါးသီး စိုက်ပျိုးသူများ ယခုကာလအတွင်း စျေးကောင်းရရှိသဖြင့် မိသားစုဝင်ငွေတိုး၍ စီးပွားရေး အဆင်ပြေ လျက်ရှိကြောင်း သိရသည်။
ကြက်ဟင်းခါးသီး တစ်ဧကစိုက်ပျိုးရန်အတွက် မြေအမျိုးအစားကတော့ သဲနှုန်းမြေပွပွပေါ်တွင် မြေသြဇာအဖြစ် နွားချေးကို ထည့်ပေးရပါတယ်၊ ကြက်ဟင်းခါးသီး တစ်ဧကလျှင် မျိုးစေ့များကို အိတ်လေးများဖြင့် ပျိုးထောင်၍ အပင်ပေါက်လေးများ ရှင်သန်လာလျင် အိတ်လေးများကို ခွဲ၍ အတန်းလိုက်ချ စိုက်ပျိုးပေးရပါတယ်၊ စိုက်ပျိုးပြီး ရက်ပေါင်း ၂၀ ခန့်အကြာတွင် အညွန့်လေးများ ထွက်လာပြီး စင်ပေးရကြောင်း၊ စင်ပေးပြီး ၄၅ ရက်ကြာလျှင် ကြက်ဟင်းခါးသီး အသီးများ လှိုင်လှိုင် ထွက်လာခဲ့ပြီး အပင်ကို သုံးရက်တစ်ခါ ရေမောင်းပေးရပါတယ် ကြက်ဟင်းခါးသီး တစ်ဧကအတွက် ကုန်ကျစရိတ်အနေဖြင့် ငွေကျပ်ငါးသိန်းခန့် ကုန်ကျကြောင်း စင်ပေါ်မူတည်ပြီး ကုန်ကျစရိတ် သိရကြောင်း အသီးကို နှစ်ရက်ခြား တစ်ကြိမ် တစ်ကြိမ်အလုံး ၁၀၀၀ ခန့် ခူးယူရရှိနိုင်ကြောင်း အပင်သက်တမ်း ကုန်ဆုံးသည်အထိ ခူးယူရောင်းချနိုင်ကြောင်း ဝယ်လိုအားနှင့် လူကြိုက်များသော သီးနှံဖြစ်သောကြောင့် တောင်သူများ စီးပွားဖြစ်အများအပြား စိုက်ပျိုးကြကြောင်း သိရသည်။
ကြက်ဟင်းခါးသီးသည် Zin ၊ Iron စသည့် ဓာတ်ပေါင်းများစွာ ပါဝင်ပြီး နာတာရှည် အရိုး၊ အဆစ် ကိုက်ခဲခြင်းအတွက် ကြက်ဟင်းခါးသီး စားပေးခြင်းသည် နာကျင်မှုဝေဒနာများကို လျော့ပါး သက်သာစေနိုင်သည့်အပြင် အစာစားချင်စိတ်နှင့် ဆာလောင်ခြင်းကို အချိန်အတော်ကြာ ထိန်းသိမ်းပေးခြင်း၊ အဝလွန်နေသူများ၊ ဝိတ်ချလိုသူများအတွက် အထူးသင့်တော်သော အသီးဖြစ်ကြောင်း၊ ဆေးဝါး ပညာရှင်ရှာဖွေ တွေရှိချက်အရ ကြက်ဟင်းခါးသီးတွင် သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်နိုင်၍ ဆီးချိုသမားများအတွက် အထူးသင့်တော်သော သီးနှံဖြစ်၍ အစာလည်းဆေး၊ ဆေးလည်း အစာအဖြစ် ကြက်ဟင်းခါးသီး စားသုံးခြင်း၏ အကျိုးအာနိသင်များကို စီးပွားဖြစ်ခြံစိုက်ပျိုးသူ ဦးမောင်အေးထံမှ သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)