ချောင်းသာ နိုဝင်ဘာ ၉
ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ဖွင့်လှစ်ထားသည့် ဟိုတယ်နှင့်တည်ခိုးခန်းများမှ မန်နေဂျာများ၊ တာဝန်ခံများအား ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်အေးက AZURA Hotel ၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးတင်အေးက ပြောကြား ရာ တွင် ဟိုတယ်နှင့်တည်းခိုးခန်းများ လိုက်နာဆောင်ရွက်ရမည့် လမ်းညွှန်ချက်များ၊ (Version 3.0)နှင့်အညီ ကွင်းဆင်းစစ်ဆေးမည့် ဒေသအတွင်း လုံခြုံရေးနှင့်အခြား လိုအပ်သည့် ကိစ္စရပ်များအား ကြိုဆိုပြင် ဆင်ထားရှိရန် မှာကြားခဲ့ပါသည်။
ထိုနောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လင်းထွန်းက (Version 3.0)နှင့် အညီ စစ်ဆေးဆောင်ရွက်မည့် အချက်အလက် များအား ဖတ်ကြားတင်ပြ ဆွေးနွေးခဲ့ပြီး၊ တက်ရောက်လာကြသော ဟိုတယ်/တည်ခိုး ခန်း၊ မန်နေဂျာများနှင့် တာဝန်ခံများက သိရှိလိုသည့်အချက်များကို ဒုတိယ ညွှန်ကြားရေးမှူးက ပြန်လည်ဖြေကြားခဲ့သည်။ အစည်းအဝေးသို့ ဟိုတယ်၊ တည်ခိုးခန်းများမှ တာဝန်ခံစုစုပေါင်း(၃၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရ သည်။ ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးနှင့်အဖွဲ့ သည် ဟိုတယ် များအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
ချောင်းသာ(ပြန်/ဆက်)