သံဖြူဇရပ်မြို့နယ် ကျောင်းပိုင်းရပ်ကွက်၌ နိုင်ငံသားစီစစ်ရေးကတ်ပြား နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်

သံဖြူဇရပ်      နိုဝင်ဘာလ   ၉

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ကျောင်းပိုင်းရပ်ကွက်၌  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးရဲလင်းအောင် ဦးဆောင်၍ ဝန်ထမ်းများ က"လူမှုဘဝ ပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့"ပန်းခင်းစီမံချက်ဖြင့်အိမ်ထောင်စုလူဦးရေစာရင်းနှင့်ကိုင်ဆောင်

သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးရေးကို ယနေ့နံနက်၉ နာရီကကျောင်းပိုင်းရပ် ကွက်၌နေ့ ချင်းပြီးကွင်းဆင်းဆောင်ရွက်ပေးသည်။

နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးရာတွင်ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ကာကွယ်ရေး ညွှန်ကြားချက်နှင့်အညီ စနစ်တကျဆောင် ရွက်ပေး ပြီးအသက်(၁၀)နှစ်အထက် နိုင်ငံသားကတ် ကိုင်ဆောင်မှု၃(က)တွင် မ(၁)ဦး၊   အသက်၁၈နှစ်နှင့် အထက် နိုင်ငံသားကတ်ကိုင်ဆောင်မှု၆(က)တွင် ကျား(၂)ဦး၊ မ(၁)ဦး၊ အသက်(၁၀) နှစ်မှ (၁၈)နှစ် ပြည့်လဲလှယ်တွင် ကျား(၇)ဦး၊ မ(၁၁)ဦးနှင့်    ပျောက်ဆုံး၊ ပျက်စီးထုတ်ပေးခြင်းတွင် ကျား(၆)ဦး၊  မ(၈)ဦးတို့အား ကတ်အမျိုးမျိုး  ဆောင်ရွက်ပေးလျက်ရှိရာ  စုစုပေါင်း(၃၆)ဦး  ဆောင်ရွက် ပေးပြီး ဖြစ်ကြောင်း သိရသည်။

အေးအေးမွန် (ပြန်/ဆက်)